Samsung Galaxy Note N7000 သုံးနေတဲ့ user တွေအတွက် အခုနောက်ဆုံးဗားရှင်း
XXLRK ICS 4.0.4 ဖြစ်ပါတယ်။ ဒီဗားရှင်းမှာ Camera Flash bud ပြဿနာတွေ
Google Play နဲ့ အခြား Application တွေတော်တော်များများမှာ Force Close
ဖြစ်တာတွေကို အကုန်လုံး ဖြေရှင်းထားတဲ့ Samsung Electronic ရဲ့ Official
Update ဖြစ်တာကြောင့် Stable ဖြစ်ပါတယ်။ Jelly Beam 4.1
ကိုစောင့်မျှော် နေကြတဲ့ user များအတွက် မကြာမှီမှာပဲ
ထွက်ရှိတော့မယ်လို့ မျှော်လင့်ရပါတယ်။
ပထမဆုံး firmware မြှင့်မယ်ဆိုရင် ဒါလေး ဖတ်ကြည့်ပေးပါ။
ပြီးရင် Galaxy Note Driver ကို ဒေါင်းပြီး PC ထဲမှာ install လုပ်ထားပြီးသားဖြစ်ရပါမယ်။
32 bit (x86) Windows
64 bit (x64) Windows
firmware မြှင့်ဖို့အတွက် လိုအပ်တာတွေကို ဒေါင်းပါ။
Galaxy Note N7000 XXLRK 4.0.4 Firmware Package (645.3 MB) (ဒေါင်းပြီး zip ဖိုင်ဖြည်ထားပါ)
Odin (415.50 KB)
ပြီးတော့ Download Mode ထဲဝင်ဖို့ ဖုန်းပိတ်လိုက်ပါ။
Download Mode ထဲဝင်ပါ။ (Volume Down+Home+Power နှိပ်ပြီး Warning Message ပေါ်လာရင် Volume Up နှိပ်လိုက်ပါ)
ပြီးရင် Odin ကိုဖွင့်ထားပြီး ဖုန်းကို USB Cable မှတဆင့် PC နဲ့ Join လိုက်ပါ။
COM ဆိုတဲ့အကွက်လေးမှာ အဝါရောင်လေးဖြစ်သွားရပါမယ်။
အကယ်လို့ အဝါရောင်မဖြစ်ခဲ့ရင် USB Driver ကိုသေချာပြန်သွင်းပါ။ ပြီးတော့
Settings > Wireless and network > USB Settings ထဲမှာ Samsung Kies
Option မှာ အမှန်ခြစ်လေး ဖြစ်နေရပါမယ်။
ပြီးရင် Odinထဲကနေ PDA နေရာမှာ ခုန firmware package zip ဖြည်ထားတဲ့ထဲက
XXLRK ICS 4.0.4 tar ဖိုင်ကို ရွေးပါ။ ပြီးတော့ Start နှိပ်လိုက်ပါ။
ပြီးသွားပြီဆိုရင် သူ့ဟာသူ restart ကျသွားပါလိမ့်မယ်။ ဒါဆိုရင် PC
ကနေ ဖြုတ်လိုက်ပြီး ဖုန်းလည်း ပြန်ပိတ်လိုက်ပါ။ Recovery Mode
ထဲဝင်ဖို့ ဖြစ်ပါတယ်။
Volume Down+Home+Power နှိပ်ပြီး Recovery Mode ထဲဝင်ပါ။
Volume ခလုတ်တွေနဲ့ အထက်အောက် ဆင်းပြီး Home Key နဲ့ ရွေးတာဖြစ်ပါတယ်။
Wipe Data/Factory Reset ထဲက Wipe Cache partation ကိုရွေးပါ။
ပြီးရင် reboot system now ကိုရွေးပြီး ဖုန်းကို restart ချလိုက်ပါ။
ပြန်တက်လာရင် ကြည့်လိုက်ပေါ့။
သင်ဖုန်းဟာ XXLRK ICS 4.0.4 ဖြစ်နေပြီလေ ...
အဆင်မပြေခဲ့ရင် Comment လေးချန်ခဲ့ပါ
Tuesday, June 2, 2015
Samsung Galaxy Note N7000 ကို Official XXLRK ICS 4.0.4 တင်လို့ရပါပြီ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment