Tuesday, June 2, 2015

Huawei Honor H30-U10 အတွက် Root မလိုဘဲမြန်မာဖောင့်ထည့်နည်း


Huawei Honor H30-U10 မှာ တိုင်ပတ်နေသူများအတွက် ရှာဖွေမွှေနောက်လို့ ရရှိလာတဲ့ အကျိုးကျေးဇူးလေး
တစ်ခုကို ဝေမျှလိုက်ပါတယ်။ ဘာလည်းဆိုတော့ ဒီ Huawei Honor H30-U10 က V.Root ကလည်းမတိုးချင်
ဘူးလေ။ ဒီတော့ အလွယ်ဆုံးနဲ့ အကောင်းဆုံးလေးတစ်ခုတွေ့လာတယ်ဗျ။ Huawei Myanmar Font (No Need RootAccess) ohnthar.blogspot.com ဆိုတဲ့ ဆော့ဖ်ဝဲလေးကို install လုပ်လိုက်ရုံနဲ့တင် အဆင်ပြေတာကိုးဗျ။
ကီးဘုတ်အတွက်လည်း Frozen Zawgyi Keyboard ထည့်သွင်းပေးထားပါတယ် ။ နှစ်မျိုးပေါ့ဗျာ ကြိုက်တာ သုံးရုံပါဘဲ။ ကိုယ်ကတော့ အဆင်ပြေသွားပြီ။ သူများဖုန်းလေးပါကွယ် ကိုယ့်ဖုန်းမဟုတ်ပါဘူး မနေ့ကမှ လိုက်ဝယ် ကူလိုက်တာ ကလိချင်ရင် ယူသွားပါဆိုလို့ မြန်မာဖောင့်ကလည်း မထည့်ရသေးတာမို့ လိုက်ကလိရင်း သိတာလေး ဝေမျှလိုက်တာပါ။ Facebook မှာ လိုက်ရှာလိုက်တာ သူများတွေ ကွန်မန့်ဘောက်လေး လိုက်ချောင်း ကြည့်ရတာပေါ့ဗျာ။ အဆင်ပြေတယ်ဆိုတဲ့ဟာတိုင်းကို ဒေါင်းပြီးတော့ ယူထားပါတယ်။ သို့သော်လည်း ဒီတစ်ခု စမ်းကြည့်လိုက်တာ အဆင်ပြေတာနဲ့တင် ရပ်လိုက်ပြီးတော့ ပို့စ်တင်ဖို့ ကြိုးစားလိုက်တော့တာဘဲဗျာ။ ကဲ အားလုံးဘဲ အဆင်ပြေကြပါ စေနော်...


.
.
 
.
 
.
 

0 comments:

Post a Comment